ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / August 19, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆားတလင်းကျေးရွာအနီး ဒါးပိန်-ဆားတလင်းသွားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒါးပိန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒါးပိန်တောင်ကျေးရွာမှ ဆားတလင်းကျေးရွာသို့ ပဲခူး တိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ခနီးကျေးရွာနေ ဦးမျိုးကိုကိုဇော်(၃၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးမြဝင်းနိုင်(၅၆)နှစ်ပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ လိုက်ပါလာသည့် BGO-11/7M-XXXX HYUNDAI PORTER II မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမြဝင်းနိုင်ပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဦးမျိုးကိုကိုဇော် အား ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။