ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / August 23, 2025


   ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဩဂုတ် ၂၁ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ “သူဌေးမင်း” လက်ဖက်ရည်ဆိုင်အတွင်း၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာဘလုပ်ညွန့် စက်ကလေးရပ်ကွက်နေ သူရကိုကို(၄၂)နှစ်အား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သူရကိုကို အား စမ်းချောင်းမြို့မရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း။

  အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ စဝ်စံထွန်း ရပ်ကွက်ရှိ “အဆင့်မြင့်” လက်ဖက်ရည်ဆိုင်အတွင်း၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါ ဆိုင်အတွင်း၌ ဘုရားဖြူရပ်ကွက်နေ သူရ(၄၁)နှစ်အား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သူရ အား တောင်ကြီးနယ်မြေရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,