ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ တံတားချောင်းကျေးရွာအုပ်စုရှိ နေအိမ်များအား ဧည့်စာရင်းစစ်ဆေးရာတွင် PSMS (Person Scrutinization and Monitoring System) အား အသုံးပြု၍ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

Ministry of Home Affairs/ Naypyitaw / August 26, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ တံတားချောင်းကျေးရွာအုပ်စုရှိ နေအိမ်များအား ဧည့်စာရင်းစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ် ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြုလုံခြုံရေးတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူ့ လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ PSMS (Person Scrutinization and Monitoring System) ဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေးခံရသူများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။