ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / August 28, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးရှိ အိန္ဒြာကားမှတ်တိုင်အနီး၌ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်နေ မောင်မောင်လတ်(၄၂)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ ရတနာဝင်း(ခ)စိုးကြီး(၃၉)နှစ်တို့အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀)အား ဖမ်းဆီးရမိသဖြင့် မောင်မောင်လတ်နှင့် ရတနာဝင်း(ခ) စိုးကြီးတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။