ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးဒဏ်ရာရ


Ministry of Home Affairs/ နေပြည်တော် / August 31, 2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားသည့် မှတ်တမ်းဓာတ်ပုံ။


     ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ဩဂုတ် ၂၉ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၉ နာရီ ၅၀ မိနစ်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်းပေါ်၌ ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ဒုယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ အလုံ မြို့နယ်၊ ဌာနာရပ်ကွက်နေ ကျော်မင်းဇော်(၄၅)နှစ်မောင်းနှင်လာသည့် YGN-10 DD/XXXX TOYOTA PROBOX ယာဉ်သည် မြောင်းကြီးထိပ်အလွန် အောင်ဇေယျအိမ်ရာရှေ့အရောက်၌ ဝဲဘက်သို့ချိုးကွေ့စဉ် လားရာတူအတိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်နေ ကျော်ဝင်းနိုင် (၄၇)နှစ် မောင်းနှင်ပြီး အောင်သူရ(၃၄)နှစ်လိုက်ပါလာသည့် YGN-38 6G/XXXX TOYOTA SUCCEED ယာဉ်နှင့် တစ်ဖက် ယာဉ်ကြောပေါ်၌ တိုက်မိသဖြင့် အောင်သူရတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကျော်မင်းဇော်နှင့် ကျော်ဝင်းနိုင်တို့ နှစ်ဦးအား အလုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,