ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / September 01, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ပတ်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်နေ အောင်မြင့်(၄၈)နှစ် မောင်းနှင်လာသော YGN-40/7N-XXXX HYUNDAI BUS မော်တော်ယာဉ်သည် ကျိုက်ခေါက်ဘုရားလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် မြို့ပတ်လမ်းထိပ် အရောက် ဝဲဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောအတိုင်း အောင်ချမ်းသာ (၂)ရပ်ကွက်နေ ဦးမင်းရန်နိုင်(၃၇)နှစ်မောင်းနှင်လာသည့် YGN-12/ 2H-XXXX HONDA FIT မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမင်းရန်နိုင်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် အောင်မြင့်အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
