ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / September 06, 2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌  ယာဉ်တိုက်မှုဖြစ်ပွားသည့်  မော်တော်ယာဉ်နှင့် သုံးဘီးယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ စက်မြေရပ်ကွက်၊ ဆရာစံလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မြောက်မှ တောင်သို့ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ဇင်ကို(၂၆)နှစ် မောင်းနှင်လာသော AYY-15/GG-XXXX TOYOTA PROBOX မော်တော်ယာဉ်သည်  ဟိန္ဒူဘုရားကျောင်းရှေ့အနီးအရောက်၌ လားရာတူရှေ့မှ သုံးဘီးယာဉ်အား ကျော်တက်မောင်းနှင်စဉ် ပွတ်တိုက်မိသဖြင့် သုံးဘီးယာဉ်မှာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး တစ်ဖက်ယာဉ်ကြောရှိ လမ်းလျှောက်နေသော ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်နေ ဦးကျော်အောင်(၅၀)နှစ်နှင့် စက်မြေရပ်ကွက်နေ ဦးတင်အောင် (၅၆)နှစ် တို့အား ထပ်မံဝင်ရောက်တိုက်မိခဲ့သောကြောင့် ဦးကျော်အောင်၊ ဦးတင်အောင်နှင့် သုံးဘီးယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျန်စစ်သားရပ်ကွက်နေ ဒေါ်ကေခိုင်ဦး(၃၂)နှစ် တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သော ကြောင့် ဇင်ကို အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၃/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။