ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ PSMS (Person Scrutinization and Monitoring System) အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်ဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်

Ministry of Home Affairs/ နေပြည်တော် / September 11, 2025

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးစဥ် မြို့နယ်ရဲတပ်ဖွဲ့မှ PSMS (Person Scrutinization and Monitoring System) အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်ဖြင့် ဧည့်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။