ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒာ(၁၂)လမ်းတွင်နေအိမ် မီးလောင်မှု

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒာ(၁၂)လမ်းတွင်နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / January 14, 2024


     ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒာ(၁၂)လမ်းတွင် ပိုင်ရှင် ဒေါ်သင်းသင်းခိုင်၏ (၂၀x၆၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ (၁)ထပ်နေအိမ်တွင် ဖိနပ်ကော်အား ဓာတ်ဆီဖြင့်ရော၍ မော်တာဖြင့် မွှေနေစဥ် မော်တာဂျန့်ဖြစ်ပြီး ရောမွှေထားသောပုံးအတွင်း မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်း၊ ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် (၂၀x၆၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ (၁)ထပ် နေအိမ်နှစ်လုံး၊ (၂၀x၆၀) ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း(၂)ထပ်နေအိမ် တစ်လုံး၏အပေါ်ထပ်၊ EV (Electric Vehicle) (အဖြူရောင်)ယာဉ်တစ်စီး၊ TOYOTA BB (ဇီးရောင်)ယာဉ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်သင်းသင်းခိုင်အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။