ရန်ကုန်ပညာရေးတက္ကသိုလ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ရန်ကုန်ပညာရေးတက္ကသိုလ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / February 15, 2025
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ကျင်းပရာ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ပညာရေး စိတ်ပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ခင်နှင်းနွယ်က ထမနဲထိုးပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားသည်။

ချီးမြှင့်

ထို့နောက် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ တာဝန်ရှိသူများက အကဲဖြတ် ဒိုင်များအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် အကောင်းဆုံးအသင်း (ပထမဆု၊ ဒုတိယဆု၊ တတိယဆု)၊ စည်းလုံးညီညွတ်မှု (ပထမဆု၊ ဒုတိယဆု)နှင့် မြိုင်ဆိုင်တက်ကြွစွာပါဝင်ဆင်နွှဲမှု (ပထမဆု၊ ဒုတိယဆု)ရ အသင်းများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်