ရမည်းသင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအား စုများဖြန့်ဖြူးရောင်းချ

ရမည်းသင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအား စုများဖြန့်ဖြူးရောင်းချ


Ministry of Cooperatives and Rural Development/ Naypyitaw / September 15, 2025
image_latest


ရမည်းသင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအား စုများဖြန့်ဖြူးရောင်းချ

‎‎ရမည်းသင်း       စက်တင်ဘာ       ၁၅

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေသြဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။‎

‎  ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် တာဝန်ရှိသူများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာသွင်းအားစုများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎‌ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အဆင့်ဓာတ်မြေဩဇာသွင်းအားစု ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေး ပြည့်မီသော ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြု နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာမှ တောင်သူ ၁၄၂၈ ဦးထံသို့  ယူရီးယားဓာတ်မြေသြဇာ ၄၁၂၀  အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၄၁၂၅ အိတ် တို့အား ယခုလ ၁၂ ရက်နေ့မှစ၍ သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။

‎ဇင်မာ