ရမည်းသင်းမြို့နယ် အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေခင်းခြင်းဆောင်ရွက်

ရမည်းသင်းမြို့နယ် အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေခင်းခြင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / November 10, 2025
image_latest


ရမည်းသင်း နိုဝင်ဘာ ၉

            မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အင်ကြင်းကန်-အုတ်ဖို လမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ခရိုင်/ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်းပိုင်း လမ်းအရှည် (၀/၃.၄၉)မိုင် ကျောက်ရောမြေခင်းခြင်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၈ သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး သည်။

           အဆိုပါလမ်းသည် အကျိုးပြုကျေးရွာ သုံးရွာ၊ လူဦးရေ ၁၇၀၆ ဦးတို့အား အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)