ရေကြည်မြို့နယ် ကြံတောကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
ရေကြည်မြို့နယ် ကြံတောကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / November 05, 2025
ရေကြည်မြို့နယ် ကြံတောကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
ရေကြည် နိုဝင်ဘာလ ၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆပ်ကွင်းကျေးရွာအုပ်စု၊ ကြံတောကျေးရွာတွင် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကြံတောကျေးရွာ၌ ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေ က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံတောကျေးရွာ၌ လမ်းတစ်ဖက်စီ အရှည်ပေ ၇၀၅ အကျယ် ၃ ပေ၊ ထု ခြောက်လက်မ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် သိန်းလေးဆယ်၊ စုစုပေါင်းငွေကျပ် တစ်ရာ့ကိုးဆယ်သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ယခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။
ဇင်မာ
