ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ လူနေအိမ် ၆ လုံးအား မီးရှို့ဖျက်ဆီး
ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ လူနေအိမ် ၆ လုံးအား မီးရှို့ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / March 17, 2023
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ လူနေအိမ် ၆ လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ ဇီးတောကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်သည် ကျေးရွာ၏ အနောက်ဘက်မှနေ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၆ လုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်နေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၂၀ x ၃၅ ပေခန့်ရှိ RC ၁ ထပ်တိုက် ၁ လုံးနှင့် ၂၀ x ၂၀ ပေခန့်ရှိ သွပ်မိုး/ထရံကာ/ပျဉ်ခင်း ၁ ထပ်နေအိမ် ၅ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
