ရေတာရှည် ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းကြီးကျောင်းတိုက်သို့ အထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသ

ရေတာရှည် ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းကြီးကျောင်းတိုက်သို့ အထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသ


Ministry of Information/ Naypyitaw / September 16, 2024
image_latest


ရေတာရှည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းကြီးကျောင်းတိုက်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကျန်းမာရေးအထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဟောပြောဆေးကုသပေးရာတွင် စိတ်ကျန်းမာပညာဆရာဝန်၏ Psychology First Aid အကြောင်းအပါအဝင် ကျန်းမာရေးအကြောင်းအရာများကို ဒေါက်တာနန္ဒာညီဆွေမှ အသိပညာပေးဟောပြောခြင်းဆောင်ရွက်ပြီး ပြည်သူ(၄၈)ယောက်အား ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများထံသို့ ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

HOT NEWS
January 4,