ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု - မရွေး - သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်

ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု - မရွေး - သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်


Ministry of Cooperatives and Rural Development/ Naypyitaw / September 26, 2024
image_latest


သာစည် စက်တင်ဘာ ၂၅

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု - မရွေး - သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်းကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

      အဆိုပါ ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်း ပေ ၅၀ နိမ့်ကျမှုဖြစ်ပေါ်ခဲ့ပြီး ချဉ်းကပ်လမ်း အရှည်ပေ ၁၀၀၊ အကျယ်ပေ ၂ဝ ခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စက်ယန္တရားများဖြင့်မြေများဖို့ခြင်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကာ အဆိုပါ လမ်းသည် ကျေးရွာ သုံးရွာကို အကျိုးပြုဆက်သွယ်သွားလာသောလမ်း ဖြစ်ကြောင်းနှင့် အမြန်ဆုံးပြန်လည် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)