ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂) ပါးတို့ကို Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂) ပါးတို့ကို Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ


Ministry of Information/ Naypyitaw / January 28, 2022
image_latest


ရန်ကုန် ဇန်နဝါရီ ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ယခင်နေ့များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး(၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉)ပါး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သား သံဃာတော် နှင့် သီလရှင် (၁၂၈)ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။

ထို့အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂) ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)