ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့်လမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့်လမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / April 03, 2024
image_latest


    ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ၁-၄-၂၀၂၄ ၇ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) အောင်မြေ၌ ကျင်းပသည်။

 

 

    အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး  ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် အလှည့်ကျသဘာပတိ ဦးသောင်းဝင်းတို့က အခမ်းအနားကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

 

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများဖြစ်သည့် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာစေတီ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့၊ မြသလွန်ဘုရား၊ ပြည်မြို့၊ ရွှေဆံတော်စေတီနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရား ၉ ဆူတို့အား Pagoda Digital Directory ပြုလုပ်ထားရှိရေး နိုင်ငံတော် အကြီးအကဲက လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံရှိ အထင်ကရဘုရားများအား Pagoda Digital Directory အဖြစ် အဆင့်မြှင့်တင်ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(မကွေး၊ ပြည်၊ တောင်ငူ၊ သထုံ) တို့ ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စတင်စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားကိုပါ ထပ်မံထည့်သွင်းဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်း ၁၀ ဆူကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။

 

 

   ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့် ယခုဖွင့်လှစ်သည့် Pagoda Digital Directory အား စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း မူလရည်ရွယ် ထားသည့် ၁၀      ဆူအပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား များကိုလည်း ဆက်လက်တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ တန်ခိုးကြီးဘုရားများအား ဆက်လက်တပ်ဆင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အဖွင့် မင်္ဂလာစကား ပြောကြားသည်။

   ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြားပြီး  ရွှေတိဂုံ စေတီတော်ဆိုင်ရာ Pagoda Digital Directory ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးလှမြင့်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းလမ်းညွှန် Station ကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ် ပေးကြပြီး ဘုရားဖူးလမ်းညွှန်အား စမ်းသပ် အသုံးပြုကြကာ ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory Station ရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

 

 

   ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်(Shwedagon Pagoda Digital Directory)ကို နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် ၈ ရပ်နှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရင်ပြင်တော်အရပ်‌လေးမျက်နှာရှိ သတ်မှတ် နေရာအသီးသီးတွင် Station များတည်ဆောက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာ လေ့လာ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

 

 

   ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူတို့သည် ချမ်းသာကြီးတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ် အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရသည့် ဓါတ်ပုံပြပွဲ” တွင်ပြသထားသည့် ရွှေတိဂုံစေတီတော်သမိုင်း မှတ်တမ်း ဓာတ်ပုံများကို လှည့်လည် ကြည့်ရူကြသည်။

 

 

   ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓါတ်ပုံပြကို ယနေ့မှ ဧပြီလ ၄ ရက်နေ့အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ် ပြသလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

HOT NEWS
January 4,