ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ခေတ္တာလမ်းတွင် မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ခေတ္တာလမ်းတွင် မီးလောင်မှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / January 23, 2023


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ခေတ္တာလမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့  ၂၃၂၅ အချိန်ခန့်က ပိုင်ရှင် ဦးအောင်မင်း၏ (၆x၈)ပေ၊ Steel Structure (၁)ထပ် ဈေးဆိုင်ခန်းတွင် ဒယ်နီအိုးအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင့် သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၈)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၂၃၄၈ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၆x၈)ပေ၊ Steel Structure (၁)ထပ် ဈေးဆိုင်ခန်း(၅)ခန်းနှင့် အတွင်း ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်မင်းအား ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,