ရွှေဘိုမြို့ရှိ အဝေးပြေးကားဝင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ
ရွှေဘိုမြို့ရှိ အဝေးပြေးကားဝင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / April 11, 2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် (၆) ရပ်ကွက်ရှိ ကားကြီးဝင်းအနီး၌ မတ်လ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ကားကြီးဝင်းအနီး လမ်းမပေါ်တွင် လှုပ်ရှားသွားလာလျက်ရှိသည့် အပြစ်မဲ့ ပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
ထိုသို့ ဆေးကုသပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မိုင်းထောင် ဖောက်ခွဲခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
