ရှမ်းပြည်နယ်အစိုးရအဖွဲ့ လွိုင်လင်ခရိုင်နမ့်စန်ပြည်သူ့ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လွိုင်လင်ခရိုင်နမ့်စန်ပြည်သူ့ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများပေးအပ်


Ministry of Information/ ရှမ်းပြည်နယ် / April 01, 2020
image_latest


နမ့်စန်  ဧပြီ  ၁

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်ပြည်သူ့ဆေးရုံးတွင် ကျန်းမာရေးထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လာရောက် ပေးအပ်လှူဒါန်းကြောင်း သိရသည်။

လှူဒါန်းခြင်းအခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်တို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ Mask နှင့် လယ်​ရှည်ဖိနပ်များပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်နိုင်ဦးက လက်ခံရယူသည်။

ဆက်လက်၍နမ့်စန်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဦးအောင်နိုင်ဦးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်၍ ရှင်းလင်းရာ O2 Concentrator လက်ကျန်မရှိလိုအပ်မှု (၄)၊ pulse Oximeter လက်ကျန်မရှိ လိုအပ်အရေအတွက်(၉)၊ Noncontact Thermometer လက်ကျန်မရှိ လိုအပ်အရေအတွက်(၁၆)၊ PPE လက်ကျန်(၃၅)၊ လိုအပ်(၅၀၀)၊ N95 maskလက်ကျန်(၄၈)၊လိုအပ် (၂၀၀)၊ Surgical mask လက်ကျန်(၁၅၀)၊ လိုအပ် (၁၀၀၀၀)၊ Surgical gloveလက်ကျန်(၃၀၀)၊ လိုအပ်(၁၀၀၀)၊ Exam gloveလက်ကျန်(၁၀၀)၊ လိုအပ် (၁၀၀၀၀)၊ Apron လက်ကျန်(၆၅)၊ လိုအပ်(၂၀၀၀) တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လိုအပ်သည်များမှာကြားပြီး ကိုဗစ်-၁၉ ရောဂါ ကန့်သတ် သံဃဆေးရုံးနှင့် ကြိုတင်ပြင်ဆင်ထားသောဆေးရုံ(၄)ထပ်ဆောင် တို့အားသွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် လွိုင်လင်ခရိုင် ပန်ခေါက်ဝိုး ဘုန်းတော်ကြီးကျောင်းတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆေးစစ်နေမှုကို ဝင်ရောက်ကြည့်ပြီး၊ လွိုင်လင်တက္ကသိုလ်တွင် ယိုးဒယားပြန် ကျား(၁၅)ဦး၊ မ(၁၁)ဦး၊ ပင်လုံတက္ကသိုလ်တွင် မြဝတီမှဝင်ရောက်သူ(၁၅)ယောက် ထားရှိရန် ဖွင့်လှစ်ထားသောပြည်ပမှ ပြန်လည်ရောက်ရှိသူများ ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် (Facility Quarantine) ထားရှိမှုအား ဝင်ရောက်ကြည့်ရှုခဲ့သည်။

ယင်းနောက် လွိုင်လင်တက္ကသိုလ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းကာ လွိုင်လင်အထက ကျောင်း၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဆေးစစ်ပြင်ဆင်ထားရှိမှုတို့ကို ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

HOT NEWS
January 4,