ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / February 08, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၄၂.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ နောင်ဟိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၀ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီထိ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က နမ့်စန်မြို့နယ်၊ တွန်ကျိုင်းကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၁ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ၃၀ မိနစ်ထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်နှင့် ဝမ်ကြုံးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်တို့အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၁ နာရီထိ မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းခတ်မြို့နယ်၊ အင်လုံကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီ ၅၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီနဲ့ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၂ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ပလန့်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၇ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ ၁၁ နာရီ ၄၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၁၁ နာရီ ၂၅ မိနစ်မှ ညနေ ၃ နာရီ ၁၅ မိနစ်ထိ ကွန်ဟိန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကွန်ဟိန်းမြို့နယ်၊ ဝမ်မိုင်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၂ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
