ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


Ministry of Home Affairs/ Naypyitaw / February 10, 2026


   ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၂၆ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီထိ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု၊ ဝါးထေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၀ ဧကခန့်အား လည်းကောင်း။

   အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု၊ ထီဆွေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း။

   ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု၊ ထာငိုကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၄ ဧကခန့်အား လည်းကောင်း။

   ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ညိုမီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်အား လည်းကောင်း။

   ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းတည့် ၁၂ နာရီထိ မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းခတ်မြို့နယ်၊ မိုင်းဟန် ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။