ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / March 25, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၂၃ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ မတ် ၂၃ ရက် နံနက် ၈ နာရီ ၅၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ ဖက်ရမ်းလေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့်အား လည်းကောင်း။ 

     အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ သိန်လာပြားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ လွယ်မန်းကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။