ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်၊ အကွက်(၁)ရှိ တောင်သူများအား မိုးသီးနှံမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်၊ အကွက်(၁)ရှိ တောင်သူများအား မိုးသီးနှံမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / July 09, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်၊ အကွက်(၁)ရှိ သမဝါယမအသင်းစုခန်းမ၌ မိုးစပါးစိုက်ပျိုးသည့် အခြေခံသမဝါယမ (၃)အသင်းမှ အသင်းသား တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုပံ့ပိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မိုးစပါးစိုက်ပျိုးရေးအခြေခံအသင်း(၃)သင်းမှ တောင်သူများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး အင်းလျားကျိုင်းခမ်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာ “ရွှေမင်းသား” စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း စိုက်ဧက ၁၈၀၊ သလဲဦးကျေးရွာအုပ်စု၊ သလဲဦးကျေးရွာ “ရောင်နီဦး” စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း စိုက်ဧက ၅၀ နှင့် မိုင်းပျိုးကျေးရွာအုပ်စု၊ ကြေးထက်ကျေးရွာ “မြပုလဲ” စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း စိုက်ဧက ၂၆၂ ဧက စုစုပေါင်း ၄၉၂ ဧကအတွက် တစ်ဧကလျှင် ကျပ် ၂၀၀,၀၀ဝ နှုန်းနှင့်ညီမျှသည့် မျိုးစေ့နှင့်သွင်းအားစု ပံ့ပိုးပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။