ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခနောက်စိမ်းများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခနောက်စိမ်းများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 25, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခနောက်စိမ်းများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန့်ပန်တက်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာဘက်မှ ကလောမြို့ဘက်သို့ ရပ်စောက်မြို့နယ်၊ ဆီဆုံဂနိုင်ကျေးရွာနေ တင်ဆန်း(၂၇)နှစ် မောင်းနှင်လာသည့် YGN-32/1N-XXXX NISSAN Box ၁၂ ဘီး မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်မှ ခနောက်စိမ်း ၁၂.၈ တန်ခန့် (၁ တန်လျှင် ၁၈ သိန်းကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၃,၀၄၀,၀၀၀ ခန့်)အား တရားမဝင် အထောက်အထားမဲ့ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တင်ဆန်း အား ကလောမြို့မရဲစခန်း (ပ)၁၃၃/၂၀၂၅၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။