ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာသင်ကျောင်းနှင့် ဖောင်တော်ဦးဘုရား၌ စုပေါင်းလုပ်အားပေး ဆောင်ရွက်

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာသင်ကျောင်းနှင့် ဖောင်တော်ဦးဘုရား၌ စုပေါင်းလုပ်အားပေး ဆောင်ရွက်

Ministry of Home Affairs/ Naypyitaw / July 30, 2025

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(ကြာတော)အနီးရှိ သစ်ပုံအား ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ၊ ဗေဒါ၊ ဒိုက်များရှင်းလင်းခြင်းနှင့် ဖောင်တော်ဦးဘုရား ပြုပြင်ရာ၌ စုပေါင်းလုပ်အားပေးဆောင်ရွက်နေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၈၀ ဦးဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။