ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အင်းကျေးရွာ ရေတက်မှုအခြေအနေနှင့် “ရေလယ်” ဧည့်ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အင်းကျေးရွာ ရေတက်မှုအခြေအနေနှင့် “ရေလယ်” ဧည့်ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / August 07, 2025

     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်အင်းကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်း(မိုင်းသောက်အင်း) နှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်နေမှုအခြေအနေ၊ “ရေလယ်” ဧည့်ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။