ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်း၌ “ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး” ဖွင့်ပွဲအခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / August 14, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း၌ “ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး” ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။