ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေ တိုက်စားမှုကြောင့် ဝန်ထမ်းအိမ်ရာရှိ အုတ်တံတိုင်းပြိုကျသည့်နေရာများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေ တိုက်စားမှုကြောင့် ဝန်ထမ်းအိမ်ရာရှိ အုတ်တံတိုင်းပြိုကျသည့်နေရာများအား ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ Naypyitaw / August 19, 2025

     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ နမ့်စင်ချောင်းရေတိုက်စားမှု‌ကြောင့် ဝန်ထမ်းအိမ်ရာရှိ အုတ်တံတိုင်းများ ပြိုကျသည့်နေရာများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတင်လင်း ဦးဆောင်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး၍ လက်ရှိရေတိုက်စားလျက်ရှိသော နမ့်စင်ချောင်းအား ရေစီးကြောင်းပြောင်းလဲစေရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရေလွှဲရေကာတန်း ဆောင်ရွက်နိုင်မည့်နေရာ သတ်မှတ်၍ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။