ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / January 30, 2026
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်  မော်တော်ယာဉ်နှင့် ဆိုင်ကယ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းတုံ-လေယာဉ်ကွင်းလမ်း၊ နောင်ခမ်းကန်ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျိုင်းတုံမြို့တွင်းမှ လေယာဉ်ကွင်းဘက်သို့ အမှတ်(၅)ရပ်ကွက်နေ မြင့်အောင်ကျော်(၁၉)နှစ် မောင်းနှင်လာသည့် SHN-7/5M-XXXX TOYOTA CROWN မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ မိုင်းဆတ်မြို့နယ်၊ မိုင်းနင်းကျေးရွာနေ မောင်ကျအီဘို့ (၁၉)နှစ် မောင်းနှင်ပြီး ဦးကျဒေ့(၃၇)နှစ် လိုက်ပါလာသည့် HONDA WAVE-I 110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မောင်ကျအီဘို့နှင့် ဦးကျဒေ့တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် မြင့်အောင်ကျော် အား ကျိုင်းတုံမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။