ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မြို့မဈေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မြို့မဈေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / March 05, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၄ ရက် နံနက် ၁၁ နာရီခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မြို့မဈေး၌ ကျောက်မဲခရိုင်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဈေးသူ၊ ဈေးသားများအား အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းအား လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။