ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၄)၊ သီရိမင်္ဂလာလမ်းတွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၄)၊ သီရိမင်္ဂလာလမ်းတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 21, 2024


     ၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၄)၊ သီရိမင်္ဂလာလမ်းတွင် ပိုင်ရှင် ဦးမျိုးဇော်ဇော်အောင်၏  ၄၅x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် နေအိမ်အောက်ထပ်မီးဖိုချောင်တွင်ထားရှိသော ရေခဲသေတ္တာ Safe Guard အပူလွန်ကဲ၍ မီးတောက်ထွက်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် ကျောက်မဲခရိုင်၊ မြို့နယ်မီးသတ်စခန်းနှင့် မိုင်းတင်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်း ခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် ၄၅x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် ငါးခန်းတွဲ နေအိမ်လိုင်းခန်း တစ်လုံး၊ ၆၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမျိုးဇော်ဇော်အောင်အား ကျောက်မဲမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,