ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ငွေကျပ် သိန်း ၈,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ငွေကျပ် သိန်း ၈,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / March 25, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်း-ခိုလမ်သွားလမ်း ဆိုင်းမွန်လမ်းခွဲအနီး၌ မိုင်းပျဉ်းမြို့နယ်၊ ဝမ်မွတ်ကျေးရွာနေ စိုင်းလိန်ခမ်း(၂၃)နှစ် မောင်းနှင်ပြီး ကာလိမြို့နယ်၊ အမှတ်(၁)ရပ် ကွက်နေ စိုင်းဆိုင်ဝမ်း(၂၆)နှစ်တို့ စီးနင်းလိုက်ပါလာသော SHN-8/6H-XXXX TOYOTA PROBOX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀ ဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၈,၄၀၀)အား ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်တွင် အဆိုပါ ဘိန်းဖြူဘလောက်တုံး များအား သယ်ဆောင်ခိုင်းသူ ကာလိမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ စိုင်းခမ်းရွက်(ခ)စိုင်းရွက် (၃၁)နှစ်အား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
