ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 26, 2025


   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ တန့်ယန်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တန့်ယန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမှတ်(၉)ရပ်ကွက်နေ အာစမ်းဖာ(၅၁)နှစ် မောင်းနှင်လာသည့် SHN-12/2Q-XXXX FORD RANGER မော်တော်ယာဉ်၊ အမှတ်(၂)ရပ်ကွက်နေ မျိုးထက်ကို(၂၅)နှစ် မောင်းနှင်လာသည့် SHN-10/6J-XXXX TOYOTA MARK II မော်တော်ယာဉ်၊ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် စိုင်းအောင်လူ(၂၁)နှစ် မောင်းနှင်လာသည့် SHN-36/5K-XXXX TOYOTA HILUX မော်တော်ယာဉ်နှင့် တမ်မနိုင်းမန်(၄၃)နှစ် မောင်းနှင်လာသည့် SHN-27/7L-XXXX HONDA FIT မော်တော်ယာဉ်၊ တန့်ယန်းမြို့နယ်၊ နောင်ခမ်းကျေးရွာနေ စိုင်းမောင်ဖိုး(၄၃)နှစ် မောင်းနှင်လာသည့် YGN-12/6P-XXXX HIJET မော်တော်ယာဉ်၊ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ စိုင်းအောင်ဖ(၂၆)နှစ် မောင်းနှင်လာသည့် SHN-38/6K-XXXX TOYOTA LEXUS မော်တော်ယာဉ်နှင့် ရှမ်းပြည်နယ်၊ မိုင်းယန်းမြို့နယ်၊ ပုံလုံ ကျေးရွာနေ အိုက်ဆမ်လိတ်(၃၀)နှစ် မောင်းနှင်လာသည့် MDY-17/4M-XXXX TOYOTA REVO မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အာစမ်းဖာပါ ခုနစ်ဦးအား တန့်ယန်းမြို့မရဲစခန်း၌လည်းကောင်း။

    ထို့အတူ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွက်နေ ဝေဖြိုးအောင်(၃၆)နှစ် မောင်းနှင်လာသည့် MDY-7/RLG-XXXX NISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဖြိုးအောင် အား စစ်ကိုင်းမြို့မရဲစခန်း၌လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။