ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၌ ငွေကျပ် ၅,၅၆၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၌ ငွေကျပ် ၅,၅၆၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / August 23, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ဒေသအခေါ် တာကော်အက်ကျေးရွာတံတားအနီး၌ တန့်ယန်းမြို့မှ ပန်ဆန်းမြို့ဘက်သို့ ရှမ်းပြည်နယ်၊ မိုင်းမောမြို့နယ်၊ လောမိန်းကျေးရွာနေ ဆမ်မိန်း(၂၉)နှစ် မောင်းနှင်ပြီး မက်မန်းမြို့နယ်၊ မယ်ခါးကျေးရွာနေသူများဖြစ်ကြသည့် အိုက်ဆမ်(၂၀)နှစ်နှင့် မအေးဆာ(၂၀)နှစ်တို့ လိုက်ပါလာသည့် WML-XXXX နံပါတ်တပ်ဆင်ထားသည့် TOYOTA VIGO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ မော်တော်ယာဉ်ပေါ်မှ ၎င်းတို့ သုံးဦး သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၃၇ ဒသမ ၁ ကီလို (ဒေသကာလတန်ဖိုး တစ်ကီလိုလျှင် သိန်း ၁၅၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅,၅၆၅ သိန်း) ဖမ်းဆီးရမိသဖြင့် ဆန်မိန်း၊ အိုက်ဆမ်နှင့် မအေးဆာတို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။