ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 18, 2025
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်းရပ်ကွက်(ခ)နေ ဒေါ်မြင့်ရီမာ(၄၆)နှစ်၏နေအိမ်၌ သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်မြင့်ရီမာအား နေ အိမ်နှင့်တွဲလျက်ဖွင့်ထားသည့် ကွမ်းယာဆိုင်တွင် တွေ့ရှိရပြီး ဆိုင်ကောင်တာစားပွဲခုံပေါ်မှ သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မြင့်ရီမာ အား တာချီလိတ်မြို့မရဲစခန်း (ပ)၁၉၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။