ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

Ministry of Home Affairs/ နေပြည်တော် / December 16, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ဦး ဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာ ဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ဦးခန့်တို့မှ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ဟူသော ရွေးကောက်ပွဲလှုံ့ဆော်ရေး ဗီနိုင်းပိုစတာ စိုက်ထူခဲ့ပြီး “ဒို့အတူတူ မဲပေးကြမယ်” ဟူသော လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများသို့ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။