ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ စတိုးဆိုင်တွင် မီးလောင်မှု
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ စတိုးဆိုင်တွင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / December 21, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်တွင် ပိုင်ရှင် ဒေါ်နန်းဟွမ်၏ ၂၅x၃၅ ပေ၊ RC သံကူ၊ ကွန်ကရစ် သုံးထပ် Main Sung စတိုးဆိုင်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ အနီးရှိတစ်ရှူးထုပ်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၅x၃၅ ပေ၊ RC သံကူ၊ ကွန်ကရစ် သုံးထပ် Main Sung စတိုးဆိုင်၏ ၁၂x၂၀ ပေ၊ သံကူ၊ ကွန်ကရစ် အခန်း တစ်ခန်း၊ မျက်နှာကြက်နှင့် အခန်းတံခါးမှန်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်နန်းဟွမ်အား ဟောင်လိတ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။