ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်ကြီး-ရွှေညောင် ပြည်ထောင်စုလမ်းမကြီး၊ အောင်သပြေတိုးဂိတ်အနီး ယာဉ်တိုက်မှု 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်ကြီး-ရွှေညောင် ပြည်ထောင်စုလမ်းမကြီး၊ အောင်သပြေတိုးဂိတ်အနီး ယာဉ်တိုက်မှု 


Ministry of Home Affairs/ နေပြည်တော် / November 18, 2024


     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၄ နာရီ ၂၂ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်ကြီး-ရွှေညောင် ပြည်ထောင်စုလမ်းမကြီး၊ အောင်သပြေတိုးဂိတ်အနီးတွင်  တောင်ကြီးမှ ပင်ဖြစ်ရွာသို့ ယာဉ်မောင်း ဦးမောင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် SHN-18 5P/XXXX MITSUBISHI CANTER အမျိုးအစား ခြောက်ဘီး (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်တွင် ရပ်ထားသော ယာဉ်အမှတ် YGN- 6 4M/XXXX HINO (၂၂)ဘီး ကုန်တင်ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းနှင့် ရွှေညောင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် MITSUBISHI CANTER အမျိုးအစား ခြောက်ဘီးယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား လေးဦး၊ အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၁၃ ဦးအနက် အမျိုးသား လေးဦး၊ အမျိုးသမီး ခြောက်ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီး သုံးဦး(သေဆုံး)တို့အား တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးမောင်ဦးအား ရွှေညောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,