ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား ကြည့်ရှုစစ်ဆေး 

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား ကြည့်ရှုစစ်ဆေး 

Ministry of Home Affairs/ နေပြည်တော် / June 21, 2025

      ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဗထူးတပ်နယ် အားကစားကွင်း၌ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု အခမ်းအနား၌ တပ်နယ်မှ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီး ဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဇာတ်တိုက်ပူးပေါင်းလေ့ကျင့်နေမှု အခြေအနေများအား ဗထူး တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။