ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၌ နေအိမ် မီးလောင်မှု
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / September 11, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ ပိုင်ရှင် ဦးအောင်သန်းထွန်း၏ ၁၂ x ၂၇ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် တစ်ထပ် နေအိမ်၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၉ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်အတွင်း သိုလှောင်ထားသော ကလေးဒိုက်ဘာများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပါကြောင်းနှင့် ပိုင်ရှင် ဦးအောင်သန်းထွန်း အား တောင်ကြီးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
