ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ လက်ဝယ်ထားကာ အရောင်းအဝယ်ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ လက်ဝယ်ထားကာ အရောင်းအဝယ်ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / August 15, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ လက်ဝယ်ထားကာ အရောင်းအဝယ်ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ကျောက်တလုံးကားလမ်းဘေးရှိ “အောင်မြင့်မိုရ်” ကားရေဆေး ဆီလိုက်ဆိုင်အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ဝင်းအတွင်း၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်နေ ခွန်ထက်ရှိုင်း(၃၃)နှစ်အား YGN-2/1H-XXXX FUSO CANTER မော်တော်ယာဉ်၊ SHN-18/4D-XXXX TOYOTA SUCCEED မော်တော်ယာဉ်နှင့် MDY-17/7K-XXXX TOYOTA MARK II မော်တော်ယာဉ် တို့ဖြင့် လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ခွန်ဇော်(၃၀)နှစ်အား SHN-12/7M-XXXX HONDA FIT မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ခွန်ဘတ်စိုး(၂၃)နှစ်အား MDY-12/3M-XXXX HILUX VIGO မော်တော်ယာဉ်နှင့် SHN-12/5H-XXXX TOYOTA ALPHARD မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ထန်းဘုရားကျေးရွာနေ ခွန်ဝင်းကျော်ကျော်(၂၅)နှစ်အား SHN-18/6M-XXXX BMW မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ဆီဆိုင်မြို့နယ်နေ အေးမောင်(၄၀)နှစ်အား SHN-12/ 7N-XXXX HILUX REVO မော်တော်ယာဉ်ဖြင့်လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်ရှိ “TiTan” ကားရေဆေးဆီလိုက်ဆိုင်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ဝင်း အတွင်း၌ တောင်ကြီးမြို့နယ်၊ ဟော်ကုန်းရပ်ကွက်နေ ခွန်မင်းခေါင်(၄၀)နှစ်အား SHN-18/9J-XXXX TOYOTA FREED မော်တော်ယာဉ်၊ MDY-8/9Q-XXXX TOYOTA CROWN မော်တော်ယာဉ်၊ SHN-18/ 3D-XXXX TOYOTA CELICA မော်တော်ယာဉ်၊ SHN-7/6K-XXXX TOYOTA CROWN မော်တော်ယာဉ်၊ SHN-18/3K-XXXX TOYOTA HARRIER မော်တော်ယာဉ်တို့ဖြင့် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ဆောင်ငုံးကျေးရွာနေ ခွန်ထွန်းဟန်(၃၀)နှစ်အား YGN-39/1K-XXXX TOYOTA ALPHARD မော်တော်ယာဉ်ဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခွန်ထက်ရှိင်းပါ ခုနစ်ဦးအား တောင်ကြီးမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
