ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မဲစာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မဲစာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / December 02, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မဲစာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။