ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၌ စက်သုံးဆီဆိုင် မီးလောင်မှု
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၌ စက်သုံးဆီဆိုင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / December 17, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ တပင်ရွှေထီး စက်သုံးဆီဆိုင်တွင် ယာဉ်အမှတ် MDY-16/7L-XXXX GENLYON၊ နောက်တွဲယာဉ်အမှတ် MDY/ 1TLR-XXXX အဖြူရောင် ၁၂ ဘီး ယာဉ်ပေါ်မှ စက်သုံးဆီများအား Flower Pump ဖြင့် ပီပါအတွင်းသို့ ဆီထည့်ရာမှ တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင် များသည် 3 Kg DCP မီးသတ်ဆေးဘူး ၁၀ ဘူး၊ 35 Kg DCP မီးသတ်ဆေးဘူး ၂ ဘူး၊ Foam အမြှုပ် မီးသတ်ဆေးရည် ၃၅၀ ဂါလန်၊ မီးသတ်ယာဉ် ၁၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးဇော်ထွန်း(၃၅)နှစ် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ခင်ဝင်းဌေး (၅၄)နှစ် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ ယာဉ်အမှတ် MDY-16/7L-XXXX GENLYON (နောက်တွဲယာဉ်အမှတ် MDY/1TLR-XXXX အဖြူရောင် ၁၂ ဘီး မော်တော်ယာဉ် တစ်စီး၊ 92 ဓာတ်ဆီပီပါ ၅၀ လုံးခန့်၊ ဒီဇယ်ပီပါ ၁၅ လုံးခန့်၊ ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆီဆိုင်မန်နေဂျာ ဒေါ်ခင်ဝင်းဌေး အား အေးသာယာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
