ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ ဖူဆယ်အားကစားရုံ Steel Structure တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ ဖူဆယ်အားကစားရုံ Steel Structure တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / January 29, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီ ၃၀မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ ရွှေညောင်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၁၅၀ x ၁၁၀ ပေ၊ ဖူဆယ်အားကစားရုံ Steel Structure တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။