ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်မှု
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / March 03, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂ ရက် နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မြို့မ ဈေးကြီး၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုး များနှင့် မီးခလုတ်များ ကောင်း/ မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှု ရှိ/ မရှိ၊ ဈေးအတွင်း နှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ထားရှိမှု ရှိ/ မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အရေးပေါ် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြှိမ်းသတ်နည်းများအား ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ဈေးတာဝန်ခံနှင့် ဈေးသူ၊ ဈေးသားများက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
