ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရွှေတောင်ရိုးကားဂိတ်တွင် ဂိုထောင် မီးလောင်မှု
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရွှေတောင်ရိုးကားဂိတ်တွင် ဂိုထောင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 20, 2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၁၂ နာရီ ၅၄ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရွှေတောင်ရိုးကားဂိတ်တွင် ဂိတ်မှူး ဦးဝင်းမြင့်၏ ၁၅x၃၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ တစ်ထပ် ဂိုထောင်တွင် အသုံးပြုထားသည့် ဗဟိုမီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီးခရိုင်အတွင်းရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၄)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅x၃၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် ဂိုထောင် တစ်လုံး၊ ၂၀x၄၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် ဂိုထောင် တစ်လုံး၊ ၄၀x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် အဆောက်အအုံ တစ်လုံး၊ စုစုပေါင်း ဂိုထောင် နှစ်လုံး၊ အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဂိတ်မှူး ဦးဝင်းမြင့်အား တောင်ကြီးမြို့ အမှတ် (၂) ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။