ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)တွင် နေအိမ်မီးလောင်မှု

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 06, 2023
ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)တွင် နေအိမ်မီးလောင်မှု


      ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ ၀၁၁၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်ကြူးမိန်း၏ (၂၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ထရံကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နမ့်စန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၁၄၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
      အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်ကြူးမိန်း၏ သမီးဖြစ်သူ (ဆွံ့အ၊ နားမကြား)သည် မီးခိုးမွှန်(သေဆုံး)အား နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ကြူးမိန်းအား နမ့်စန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။