ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ လက်ပစ်ဗုံးအဟောင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသား ကလေးငယ် ငါးဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ လက်ပစ်ဗုံးအဟောင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသား ကလေးငယ် ငါးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / October 19, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံ၌ ဗုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် ကလေးငယ် ငါးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပင်လောင်းမြို့နယ်၊ လယ်ဖွီးကျေးရွာနေသူများဖြစ်သည့် မောင်ဇွဲထက်အောင်(၉)နှစ်၊ မောင်ကောင်းမြတ်အောင်(၇)နှစ်၊ မောင်ဟောင်ရက်(ခ)ချစ်ကိုကို(၇)နှစ်၊ မောင်ထက်နိုင်(၁၀)နှစ်နှင့် မောင်မိုးမင်းခန့်(၉)နှစ်တို့အား ဗုံးပေါက် ကွဲစ ထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီတွင် ၎င်းတို့ငါးဦးသည် လယ်ဖွီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှအပြန် လယ်ဖွီးကျေးရွာရှိ ဘုရားအနီးဇရပ်၌ လက်ပစ်ဗုံးအဟောင်း တစ်လုံးအား တွေ့ရှိရသဖြင့် ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုများရရှိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။